ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

မိန့်ခွန်းပြောတိုင်း မြန်မာအစိုးရခေါင်းဆောင်များကို ချီးကျူးကြောင်းပြောတဲ့ ဟီလာရီကလင်တန်



အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မိန့်ခွန်းပြောတိုင်း မြန်မာအစိုးရခေါင်းဆောင်များကို ချီးကျူးကြောင်းတွေ ဆက်တိုက်ပြောနေတာ အချိန်အတော်ကြာပြီ ဖြစ်ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ဒီမိုကရေစီကိုမြှင့်တင်ဖို့၊ ဒေသတွင်းမှာ အမေရိကန်ရဲ့ စီးပွားရေးအရလုပ်ဆောင်မှု ပိုကြီးမားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အာရှဒေသဆီ ခရီးထွက်နေတာမှာ အခု တော့ မွန်ဂိုလီယားနိုင်ငံမှာ ရောက်နေပါတယ်။

Ulaanbaatar မြို့တော်မှာကျင်းပနေတဲ့ အမျိုးသမီးများရဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲတခုမှာ မစ္စစ်ကလင်တန်က တနင်္လာနေ့က စကားပြောခဲ့တာမှာ မြန်မာနိုင်ငံက အခြေအနေတွေကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
ဦးသိန်းစိန်အစိုးရရဲ့ ထူးချွန်မှုများကြောင့် အမေရိကန် နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံလာခဲ့ပြီး အခြားနိုင်ငံများကိုလည်း မြန်မာနိုင်ငံအစိုးရကို အတုယူကြရန် ဟီလာရီကလင်တန် အမြဲပြောခဲ့ကြောင်း သတင်းရရှိပါတယ်။ မြန်မာအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ တယ်၊ နိုင်ငံရေးပါတီတွေ တည်ထောင် လုပ်ဆောင်နိုင်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့တယ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးတဲ့လုပ်ရပ်တွေ လုပ်ခဲ့တယ်၊ တိုင်းရင်းသားလူမျိုးစုတွေကြား သဘောထားကွဲပြားနေတာတွေကို ဖြေရှင်းရေး စတင်ပြီးတော့ ကြိုးပမ်းအားထုတ်ခဲ့တယ်လို့ ဟီလာရီ ကလင်တန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရကို အကောင်းမမြင်ဖို့ အကြိမ်ကြိမ် တားဖြစ်နေမှု၊ စီးပွားပိတ်ဆို့မှုကို သတိဖြင့် ရုတ်သိမ်းရန် သတိပေးနေမှု များ ကြားကပင် အမေရိကန်မှာ မြန်မာနိုင်ငံ အစိုးရအပေါ် အပြည့်အဝ အကောင်းမြင်မှုတွေ လုပ်ခဲ့ပြီး စီးပွားပိတ်ဆို့မှုအများအပြားကိုလည်း ရုတ်သိမ်းခဲ့ပါတယ်။
ဟီလာရီကလင်တန် နှင့် အမေရိကန် အစိုးရမှ သမ္မတဦးသိန်းစိန် အစိုးရအပေါ် အကောင်းမြင်ချီးကျူးမှု၊ ပိတ်ဆို့မှု အများအပြားကို ရုတ်သိမ်းမှု များကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်များက မကျေမနပ်ဖြစ်နေကြောင်း သတင်းရရှိပါတယ်။

No comments:

Post a Comment