ကမ္ဘာ့အကြီးဆုံးသော
ဒုက္ခသည်စခန်း တည်ရှိရာ ကင်ညာနိုင်ငံရှိ ဒုက္ခသည်စခန်းကို
အထောက်အပံ့ပေးရာတွင် ရန်ပုံငွေ မလုံလောက်မှုပြဿနာနှင့် တွေ့ကြုံနေရကြောင်း
လူမှုရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်း ရှစ်ုပါဝင်သော အုပ်စုတစ်စုက ဇူလိုင်
၁၂ ရက်တွင် ပြောကြားသည်။ ကင်ညာနိုင်ငံရှိ ဒါဒါယက်ဒုက္ခသည်စခန်း၌
ခိုလှုံနေသူများအတွက် မရှိမဖြစ် ၀န်ဆောင်မှု လုပ်ငန်းများကို ဖြည့်ဆည်းပေးနိုင်ရန် သုံးစွဲရမည့် ရန်ပုံငွေမှာ နှစ်လမှ သုံးလအတွင်း ကုန်ခမ်းသွားမည့် အခြေအနေတွင် ရှိနေကြောင်း လူမှုရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများ အုပ်စုက ပြောကြားသည်။ အဆိုပါ ဒုက္ခသည်စခန်း၌ ဆိုမာလီ ဒုက္ခသည်အများစု နေထိုင်ပြီး ဒုက္ခသည်ဦးရေ ၄၆၅၀၀၀ ကျော်ရှိကြောင်း သိရသည်။ (အင်တာနက်)
No comments:
Post a Comment