ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

ဒုသမ္မတ တင်မြှောက်ရန် အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ် ရွေးချယ်ရေး အဖွဲ့ ဖွဲ့


From : The Voice
ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာအတွက် ဒုတိယသမ္မတ တစ်ဦး ထပ်မံ ရွေးချယ် တင်မြှောက်ရန် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၏ အရည်အချင်း ပြည့်စုံမှု ရှိ မရှိ စိစစ် ရွေးချယ်ရေး အဖွဲ့ကို ယနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ယင်းစိစစ် ရွေးချယ်ရေး အဖွဲ့တွင် အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ တစ်ဦး၊ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ တစ်ဦး၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ တစ်ဦး စုစုပေါင်း ခုနစ်ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း၊ အဆိုပါ အဖွဲ့တွင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေတို့ ပါဝင် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း လွှတ်တော်တွင် သွားရောက် သတင်းယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းရမည့် ဒုတိယ သမ္မတနေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ပြည်ထောင်စု လွှတ်တော်ထံသို့ အမည်စာရင်း တင်သွင်း လိုက်ပြီ ဖြစ်ကြောင်း ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်သူ့ လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တစ်ဦး နှင့် နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။
ဦးမြင့်ဆွေမှာ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား) သန်းရွှေနှင့်လည်း အလွန် ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ကိုင်တွယ် ဖြေရှင်းခဲ့သူ တစ်ဦးအဖြစ်လည်း လူသိများသူ တစ်ဦးဖြစ်သည်။
၂၀၁၁ ဇန်န၀ါရီလ ၃၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကျင်းပသော ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေးတွင် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့တွင် သူရဦးရွှေမန်း၊ ဦးနန္ဒကျော်စွာ၊ ဦးသောင်း၊ ဦးခင်အောင်မြင့်၊ ဦးမျိုးမြင့်၊ ဦးမြညိမ်း တို့အပါအဝင် တပ်မတော် အမတ်တစ်ဦး စုစုပေါင်း ၇ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment