ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ လျှော့ချခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ၏ ကြေညာချက်


From : 7DaysNews
ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို အမေရိကန်ကုမ္ပဏီများ တာဝန်သိတတ်စွာ လုပ်ဆောင်ခွင့်ပေးရန် ကန့်သတ်တားမြစ်ချက်များကို ဖြေလျှော့ပေးခဲ့ပါသည်။ သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူလူထုသည် ဒီမိုကရေစီလမ်းကြောင်းတစ်လျှောက် ထူးခြားသော တိုးတက်မှုများကို ဆက်လက်ဖန်တီးနေကြပါသည်။ ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ခြင်းသည် ပြုပြင်ပြောင်းလဲမှုများအတွက် မိမိတို့၏ ထောက်ခံအားပေးမှုကို ခိုင်မာစွာ အချက်ပြခြင်းဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးသမားများအတွက် ချက်ချင်း အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါမည်။ မြန်မာပြည်သူတို့အဖို့ ထူးခြားသောအကျိုးအမြတ်များ ဖြစ်စေပါလိမ့်မည်။
မြန်မာ့နိုင်ငံရေးနှင့် ပြုပြင်ပြောင်းလဲမှုများသည် မပြီးပြတ်သေးဘဲရှိနေပါသည်။ အမေရိကန်အစိုးရသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွင် ပွင့်လင်းမြင်သာမှု လျော့နည်းခြင်းနှင့် စီးပွားရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို နက်ရှိုင်းစွာပူပန်နေဆဲဖြစ်ပါသည်။ ပြီးခဲ့သည့် မေလတွင် မိမိတို့ ညွှန်ပြခဲ့သည့်အတိုင်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်းများမှာမူ ထို General Licenses နှင့် အကျုံးဝင်မည်မဟုတ်ပါ။
ထို့အပြင် အမေရိကန်ကုမ္ပဏီများသည်လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အုပ်ချုပ်ရေးစံနှုန်းများနှင့်အညီ ၄င်းတို့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အစီရင်ခံစာ တင်သွင်းရပါမည်။ ကျွန်ုပ်သည် သမ္မတအမိန့်ကြေညာစာ Executive Order အသစ်ကိုလည်း လက်မှတ်ရေးထိုးထားပြီး ယင်းအမိန့်အရ မြောက်ကိုရီးယားနှင့် စစ်လက်နက်ကုန်သွယ်မှုတွင် ပါဝင်သော၊ လူမျိုးရေးပဋိပက္ခကိုဖြစ်စေသော၊ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်သော ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များကို ဖျက်ဆီးသောသူများအပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ရှိ ချမှတ်ထားသော တားဆီးပိတ်ဆို့မှုများလည်း ပါဝင်သည်။ ယခုအမိန့်သည် မြန်မာအစိုးရနှင့် စစ်ဘက်အရာရှိများက အလွဲသုံးစားပြုသည်၊ ခြစားသည် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေသည့် အပြုအမူများ ဆက်လက်လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်များအဖို့ ပြုပြင်ပြောင်းလဲရေး၏ အသီးအပွင့်များ မရိတ်သိမ်းနိုင်ကြောင်း ရှင်းလင်းသည့် သတင်းစကားဖြစ်ပါသည်။
အမေရိကန်တို့သည် ဆယ်စုနှစ်များစွာကြာအောင် မြန်မာပြည်သူတို့နှင့်အတူ ရပ်တည်၍ ၄င်းတို့၏ ထူးခြားသော တိုင်းပြည်၏ ကတိက၀တ်ကို နားလည်သဘောပေါက်ထားပါသည်။ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုသည် ကျယ်ကျယ်ပြန့်ပြန့် အခြေခံသော စီးပွားရေး ဖွံ့ဖြိုးမှုကို တိုးတက်ရန်ကူညီပေးပြီး မြန်မာအား အထီးကျန်အဖြစ်မှ ဆွဲထုတ်ရန်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်း ပြန်ဝင်ရန် ကူညီပေးပါလိမ့်မည်။ မိမိ၏ အစိုးရအဖွဲ့သည် စီးပွားရေးတိုးတက်ရေးအတွက် တာဝန်သိသော အုပ်ချုပ်ရေးအတွက်၊ လူ့အခွင့်အရေးအ တွက် နိုင်ငံတကာစံနှုန်းများဆီသို့ ဦးတည်လုပ်ကိုင်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားပါမည်။ ထို့ပြင် ထိုအရာအားလုံးကို မိမိတို့ လုပ်ဆောင်ရင်းနှင့် မိမိတို့သည် ကြွယ်ဝမှုအနာဂတ်နှင့် ပိုကြီးမားသော လွတ်လပ်မှုအနာဂတ်တို့ကို ဖန်တီးပုံဖော်နေသည့် မြန်မာပြည်သူများနှင့် ဆက်လက်လက်တွဲလုပ်ဆောင်သွားရန် သန္နိဋ္ဌာန်ပြုထားပြီး ၄င်းတို့၏ ဒီမိုကရေစီအပြောင်းနှင့် အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို ဆက်လက်အားပေးသွားပါမည်။

No comments:

Post a Comment