ပါကစ္စတန်နိုင်ငံ
ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးတွင် သေနတ်သမားများ၏ လက်ချက်ဖြင့်
ပါကစ္စတန် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁၂ ရက်တွင်
ကြေညာသည်။ သေနတ်သမားများသည် မော်တော်ဆိုင်ကယ်စီးပြီး ဇူလိုင် ၁၂ ရက် နံနက်က လူစည်ကားသည့် ဘစ်ရှရာဒေသရှိ အဆောက်အအုံတစ်ခုကို ပစ်ခတ်တိုက်ခိုက်ကြောင်း လာဟိုးရဲမှူးကြီးက ပြောကြားသည်။ သေနတ်သမားတို့၏ တိုက်ခိုက်မှုကြောင့် ရှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိသွားသည်ဟု ၄င်းက ပြောကြားသည်။ မည်သည့်အဖွဲ့အုပ်စုကမျှ သူတို့လက်ချက်ဟု ယခုအထိ ထုတ်ဖော်ကြေညာခြင်း မရှိသေးဟု သိရသည်။ (အင်တာနက်)
No comments:
Post a Comment