ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

ရန်ကုန်မြို့တော်ဘဏ်နှင့် ရိုးမဘဏ်၊ မြ၀တီဘဏ်တို့ အပြန်အလှန် ငွေလွှဲနိုင်ပြီ


ရန်ကုန်မြို့တော်ဘဏ် လီမိတက်၊ ရန်ကုန်မြို့တော်ဘဏ်မှ ရိုးမဘဏ်၊ မြ၀တီဘဏ်တို့နှင့် အပြန်အလှန် ငွေလွှဲပေးပို့နိုင်ရန် ၀န်ဆောင်မှုများ ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အပြန်အလှန် ငွေလွှဲပေးပို့နိုင်ရန် ၀န်ဆောင်ပေးမှုကို ဇူလိုင် ၂ ရက်တွင် ရိုးမဘဏ်နှင့်လည်းကောင်း၊
ဇန်န၀ါရီ ၂ ရက်တွင် မြ၀တီဘဏ်နှင့် လည်းကောင်း ချိတ်ဆက်ဆွေးနွေးကာ စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တော်ဘဏ်နှင့် ရိုးမဘဏ်တို့ အပြန်အလှန် ငွေလွှဲနိုင်သော ဘဏ်များမှာ မင်္ဂလာတောင်ညွန့်ရှိ ရန်ကုန်မြို့တော်ဘဏ် ရုံးချုပ်၊ ရန်ကုန်မြို့တော်ဘဏ် (ကျောက်တံတားဘဏ်ခွဲ)၊ ရိုးမဘဏ်၏ ရန်ကုန်ဘဏ်ခွဲများဖြစ်သော ရန်ကုန်ပင်မ၊ FMI စင်တာ၊ မြေနီကုန်း၊ ဗိုလ်တထောင်၊ လမ်းမတော်၊ ကျောက်တံတား၊ ရန်ကင်း၊ မင်္ဂလာဈေး၊ သင်္ဃန်းကျွန်း၊ အလုံ၊ ဘုရင့်နောင်၊ လှိုင်သာယာ၊ အင်းစိန်၊ မရမ်းကုန်း၊ စော်ဘွားကြီးကုန်း၊ ရိုးမဘဏ်။ မန္တလေးဘဏ်ခွဲများဖြစ်သော  မန္တလေး(ပင်မ)၊ မန်းမြို့ဈေး (၇၈)လမ်း၊ ဆိုင်တန်း၊ ကျွဲဆည်ကန်၊ ရိုးမဘဏ်၏ အခြားမြို့များမှ ဘဏ်ခွဲများမှာ ပြင်ဦးလွင်၊ မူဆယ်၊ လားရှိုး၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မုံရွာ၊ မိတ္ထီလာ၊ မြစ်ကြီးနား၊ ပျဉ်းမနား၊ ကလေး၊ အောင်ပန်း၊ ကျောက်မဲ၊ ပြည်၊ မကွေး၊ အောင်လံ၊ တောင်တွင်းကြီး၊ မြောင်းမြ၊ ပုသိမ်၊ စစ်တွေ၊ ဘားအံ စသည့်ဘဏ်များဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်ဘဏ်နှင့် မြ၀တီဘဏ်တို့ အပြန်အလှန် ငွေလွှဲနိုင်သော ဘဏ်များမှာ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်မြို့တော်ဘဏ် ရုံးချုပ်၊ ရန်ကုန်မြို့တော်ဘဏ် (ကျောက်တံတားဘဏ်ခွဲ)၊ မြ၀တီဘဏ် (ရန်ကုန်)၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ဖားကန့် (အထူးဒေသ)၊ ပုသိမ်၊ ဘုရင့်နောင်ဘဏ်ခွဲ (ရန်ကုန်)၊ ကျောက်ဆည်၊ ပျဉ်းမနား၊ မြိတ်၊ နေပြည်တော်၊ မကွေး၊ မော်လမြိုင်၊ ပျော်ဘွယ်၊ ဟင်္သာတ၊ သင်္ဃန်းကျွန်း၊ ပြည်၊ စစ်တွေ စသည့်ဘဏ်များ ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော်ဘဏ်သည် ဧပြီ ၁ ရက်မှစ၍ ငွေစုဘဏ် အပ်ငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၀၀ ရာခိုင်နှုန်းဖြင့် ခြောက်လတစ်ကြိမ် အတိုးထည့်ပေးလျက်ရှိပြီး စာရင်းသေ အပ်ငွေများကိုလည်း သုံးလအပ်လျှင် အတိုး ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခြောက်လအပ်လျှင် ၈ ဒသမ ၅၁ ရာခိုင်နှုန်း၊ ကိုးလအပ်လျှင် ၈ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် လက်ခံဆောင်ရွက်နေကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment