ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

ကေတီပယ်ရီ၏ဖက်ရှင်မှာ အန္တရာယ်ရှိနိုင်သဖြင့် အာမခံကုမ္ပဏီက တားမြစ်



From : Planet
နာမည်ကျော် Popဂီတ အဆိုတော်၏ လုံခြုံရေးအတွက် အာမခံတာဝန်ယူထားသည့် ကုမ္ပဏီက အဆိုပါ ရင်စည်းဒီဇိုင်းသည် ကေတီအတွက် အန္တရာယ် ရှိနိုင်သဖြင့် မဝတ်ဆင်ရန် တားမြစ်ခဲ့
Posted on Jul 13 12 - 03:29 PM
ကေတီပယ်ရီ၏ဖက်ရှင်မှာ အန္တရာယ်ရှိနိုင်သဖြင့် အာမခံကုမ္ပဏီက တားမြစ်
သူမဝတ်စုံ၏ ရင်စည်းဖက်ရှင်သည် အန္တရာယ်ရှိသော အခြေအနေမျိုး ဖြစ်နေခြင်းကြောင့် မဝတ်ဆင်ရန် ကေတီပယ်ရီတစ်ယောက်
တားမြစ်ခံခဲ့ရသည်။ ကေတီသည် ဖက်ရှင်အဆန်းများ တီထွင် ဝတ်ဆင်တတ်သူ တစ်ဦးဖြစ်ရာ သူမသည် လည်ပတ်နေသော သကြားလုံးလေးများသဖွယ် ဖန်တီးထားသည့် အပြားလေးများ တပ်ထားသော ရင်စည်းဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ သို့သော်လည်း နာမည်ကျော် Popဂီတ အဆိုတော်၏ လုံခြုံရေးအတွက် အာမခံတာဝန်ယူထားသည့် ကုမ္ပဏီက အဆိုပါ ရင်စည်းဒီဇိုင်းသည် ကေတီအတွက် အန္တရာယ် ရှိနိုင်သဖြင့် မဝတ်ဆင်ရန် တားမြစ်ခဲ့သည်။



ကေတီ၏ ရှည်လျားသော ဆံပင်များသည် လည်ပတ်နေသော ဘီးလေးများတွင် ကပ်ငြိရှုပ်ထွေးပြီး ထိခိုက်နာကျင်မှု ဖြစ်နိုင်ကြောင်း ၎င်းတို့က ထောက်ပြခဲ့သည်။ ကေတီက တောင်းဆိုမှုကို လက်ခံခဲ့သော်လည်း သူမအနေဖြင့် ဝတ်ချင်ရာ ဝတ်ခွင့်မရခြင်းအပေါ် စိတ်ပျက်မိကြောင်းမူ ညည်းညူသွားသည်။ "ကျွန်မကို အာမခံ ကိုယ်စားလှယ်တွေက ဒီဝတ်စုံကြောင့် စိုးရိမ်စရာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ကျွန်မ လည်ပင်းကိုလည်း ထိခိုက်နိုင်တယ်တဲ့။ ကျွန်မကတော့ ဒီကိစ္စဟာ သေလောက်အောင် ဖြစ်ပါ့မလားလို့ သံသယ ဝင်နေမိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ရင်စည်းဒီဇိုင်းကို သူတို့က ပြောင်းလဲစေချင်တာကြောင့် ကျွန်မလည်း လိုက်ပြောင်းလိုက်ပါတယ်။ ဆံပင်နဲ့ ဘီးဝိုင်းတွေ ညပ်သွားတာမျိုး မဖြစ်အောင် သတိထားရပါမယ်"ဟု ကေတီက ပြောကြားသွားခဲ့သည်။



သူမက ဆံပင်နှင့် ဘီးခွေ ညပ်သွားမှုမျိုး ယခင်ကလည်း ဖြစ်ဖူးကြောင်း ဆိုသည်။ "လည်နေတော့ ဆံပင်အစက ပိုပိုပြီး ရစ်ပတ်သွားတယ်။ ကျွန်မ တော်တော်လေး ခက်ခက်ခဲခဲ ပြန်ဖြည်ခဲ့ရတယ်။ သီချင်းဆိုနေရင်း ပြဿနာ တော်တော်တက်နေတာ သီချင်းဆုံးသွားတဲ့ အထိပဲ။ ဒီလိုအခြေအနေမျိုးမှာ မိန်းကလေး တစ်ယောက်က ကိုယ့်အနုပညာကိုယ် ဘယ်လိုများ ပြလို့ရမှာတဲ့လဲ။ နောက်ပြီး ကျွန်မရဲ့ အာမခံ အရာရှိတွေကလည်း အနုပညာနဲ့ စိတ်ကူးဥာဏ်ကို သိပ်ဂရုမစိုက်ပါဘူး။ သူတို့က အန္တရာယ် ရှိမရှိ ဆိုတာပဲ တွေးမှာပေါ့"ဟုလည်း ကေတီက မှတ်ချက်ပြုသွားသည်။

No comments:

Post a Comment