ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

အမေစု ပါတီကို တိုက်ခိုက်ခြင်း မဟုတ်ပါ သိရှိစေရန်နှင့် အများသိရှိသွားပါက မိမိကိုယ်ကို ပြုပြင်နိုင်ကြစေရန် အတွက်သာ ဖြစ်ပါသည်


ပေးပို့သူ..ဥုးကုသလ၊ ရတနာသီဂီင်္ကျောင်းတိုက်၊ရွှေပြည်သာမြို့နယ်၊၇န်ကုန်တိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရွှေပြည်သာမြိုနယ်၊၇န်ကုန်တိုင်းရှိ
ပါတီဝင်တစ်ဦးမှ မိမိသဘောသက်သက်ဖြင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာမည်ကို အလွဲသုံးစားပြုလုပ်၍
ရဟန်းသံဃာများကို ခြိမ်းခြောက်နှောက့်ယှက်ခြင်း။။
အကြောင်းအရာ။ ။ မိမိသဘောသက်သက်ဖြင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနာမည်ကို အလွဲသုံးစားပြုလုပ်၍
ရဟန်းသံဃာများကို ခြိမ်းခြောက်နှောက့်ယှက်ခြင်း။။
.....
အမှတ်(၈)ရပ်ကွက်၊န၀၇တ်လမ်းတွင်တည်ရှိဖွင့်လှစ်ထားသော
န၀၇တ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ န၀၇တ်အခမဲ့ပညာဒါနကျူရှင် ကို (
7.7.2012)တွင်ဖွင့်လှစ်သင်ကြား၇န်အတွက်
မည်သူမဆိုအခမဲ့တက်ရောက်သင်ကြားနိင်ရန်ရည်ရွယ်၍
န၀၇တ်အခမဲ့ပညာဒါနကျူရှင်အမည်ဖြင့်
လက်ကမ်းစာစောင်ငယ်များကိုကျောင်းထိုင်ဘုန်းကြီးဖြစ်သောဦးကေလာသ ၏အစီအစဉ်ဖြင့်ဦးကုသလမှကျောင်းသားနှစ်ဦြးံဖင့်
အမှတ်(၈)၇ပ်ကွက်ရှိ အစိုးရ
အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၃)တွင်ကျောင်းသားများထံဝေငှပေးခဲ့ပါသည်။
ထိုကဲ့သို့ဝေငှရာတွင် ဦးကုသလမှ တက်ရောက်ချင်သောမည်သည့်ကျောင်းသားမဆိုလုံးဝ
အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း၊မည်သည့်အခကြေးငွေတစ်စုံတစ် ရာမျှကောက်ခံရယူမည်မဟုတ်ကြောင်းပြောဆိုခဲ့သည်။
ထိုကဲ့သို့ လက်ကမ်းစာစောင်များဝေငှခြင်းကြောင့် အဆိုပါ အမှတ်(၈)ရပ်ကွက်ရှိ
ဗိုလ်ချိုပန်းခြံ၊(၂)လမ်းတွင်ဖွင့်လှစ်ထားသော အမေ့အိမ်ပညာဒါန၊မှတ်(၂)
ကျူရှင်မှ တာဝန်ခံလည်းဖြစ်၊ဆရာမတစ်ဦးလည်းဖြစ်သော
ရွှေပြည်သာမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်သူ
ဒေါ်သက်သက်လွင်မှ န၀၇တ်ဘုန်းကြီးကျောင်းသို့ကိုယ်တိုင်လာရောက်ကာ၊
န၀၇တ်ကျောင်းမှ ပညာဒါနကျူရှင်ဖွင့်လှစ်ခြင်းသည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဖွင့်လှစ်ထားသော အမေ့အိမ်ကျူရှင်နှင့်
ပြိုင်ဆိုင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ပါတီ၏လုပ်ငန်းစဉ်ကိုအနှောင့်အယှက်ပေးခြင်းဖြစ်ကြောင်းနှင့်၊
န၀ရတ်ပညာဒါနကျူရှင်ကို
ဖွင့်လှစ်ခြင်းမပြုရန်
၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်သို့တိုင်ကြားမည်ဖြစ်ကြောင်း၊ ပါတီ၏နာမည်ကိုအသုံးပြု၍(4.7.2012)နေ့တွင်လာရောက်၍
ခြိမ်းခြောက်တားမြစ်ပြောဆိုခဲ့ပါသည်။
အမှန်တကယ်တွင် န၀၇တ်ပညာဒါနကျူရှင်သည်
မည်သည့်အဖွဲ့အစည်းနှင့်မျှမသက်ဆိုင်ပဲ၊မည်သူ၏အကူအညီအထောက်အပံ့မျှရယူခြင်းမရှိပဲ
ကိုယ်ထူကိုယ်ထဖြင့်ဖွင့်လှစ်သင်ကြား၇န်စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါ အမှတ်(၈)ရပ်ကွက်၊ဗိုလ်ချိုပန်းခြံတွင် (2011
)မှစတင်ကာဖွင့်လှစ်သင်ကြားနေသော အမေ့အိမ်ပညာဒါကျူရှင်မှ တာဝန်ခံဖြစ်သူ
ဒေါ်သက်သက်လွင်မှာ
သူမ၏ကျူရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ
ထောက်ပံ့မှူ့များရယူကာ။သင်ကြားဖွင့်လှစ်နေခြင်းဖြစ်ကာ၊ ပညာဒါနအခဲ့မဲ့ ဟု့
ဆိုင်းဘုတ်တပ်ချိတ်ဆွဲထားပါသော်လည်းအလှူခံကဒ်ပြားများပြုလုပ်၍
တက်ရောက်သင်ကြားနေသော ကျောင်းသားများထံမှ
လစဉ်အလှူငွေများကောက်ခံခြင်း၊ကျောင်းသားမိဘများထံမှလည်း
အလှူခံကဒ်ပြားများနှင့် ကောက်ခံရယူခြင်းများလုပ်ဆောင်နေလျှက်ရှိသည်ကို
မျက်မြင်တွေ့ရှိခဲ့ရပေသည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပု့ပါ
တီရှပ်အကျီင်္များချုပ်လုပ်ပေးမည်ဟု့
ကျောင်းသားများကိုစည်းရုံးသိမ်းသွင်းပြောဆိုလျှက် အလှူငွေများလက်ခံရယူ
ခြင်းများပြုလုပ်နေပါသည်။။အဆိုပါဒေါ်သက်သက်လွင်သည်ထိုကဲ့သို့န၀၇တ်
ပညာဒါနကျူရှင်ဖွင့်လှစ်ခြင်းအားလာရောက်တားမြစ်ခြင်းသည်ရွှေပြည်သာ မြို့နယ်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်ရုံးမှ
သူမအားတစ်စုံတစ်ရာမျှတိုက်တွန်းစေခိုင်းခြင်းမရှိပါပဲ မိမိသဘောသက်သက်တစ်ခုတည်းဖြင့် န၀၇တ်ပညာဒါနကျူရှင်နှင့်သူမဖွင့်လှစ်ထားသောအမေ့အိမ်ပညာဒါန ကျူရှင်တို့မှာရပ်ကွက်တစ်ခုတည်းအတွင်း တည်ရှိနေသောကြောင့်သူမထံတွင်သင်ကြားနေသောကျောင်းသားများမှာ
န၀၇တ်ကျူရှင်သို့ပြောင်းရွှေ့တက်ရောက် သွားပါကကျောင်းသားလျော့နည်း သွားမည်စိုးသောကြောင့် သူမသဘောသက်သက်ဖြင့်ပါတီနာမည်ကိုအသုံးချ၍ခြိမ်းခြောက်လုပ်ဆောင်ခြင်းဖြစ်
ပြီး၊အမေ့အိမ်ပညာဒါနဖောင်ဒေးရှင်းမှ
အလှူငွေ၊အထောက်အပံ့များရယူထားပါလျှက်ပညာဒါနဟု့အမည်ခံထားပါလျှက်၊၊မရှိနွမ်းပါးဆင်းရဲသော
ကျောင်းသားများနှင့်ကျောင်းသားမိဘများထံမှလစဉ်အလှူကဒ်ပြားများဖြင့်
ကောက်ခံရယူနေခြင်းဖြစ်သည်။။။
( န၀ရတ်ပညာဒါနစာသင်ကျောင်း၏ ဓါတ်ပုံနှင့်
အမေ့အိမ်ပညာဒါနကျူရှင်ကျောင်း၏ဓါတ်ပုံတို့ နှင့် ဒေါ်သက်သက်လွင်၏ဓါတ်ပုံတို့အား
ပူးတွဲပေးပို့ထားပါသည် )





No comments:

Post a Comment