ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

လွှတ်တော်သတင်းထောက်များ လွှတ်တော်တွင်းဝင်ရန် လက်ဗွေနှိပ်ရမည်


From : ဖိုးကျော်
လာမည့်တနင်္လာနေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများမှစတင်ကာ လွှတ်တော်တွင် သတင်းရယူမည့် သတင်းထောက်များအားလုံး လက်ဗွေနှိပ်၍ လွှတ်တော်အဆောက်အဦများအတွင်းသို့ဝင်ရောက် သတင်းရခြင်းပြုရမည်ဖြစ်သည်။
ယခင်က လွှတ်တော်တွင်း သတင်းထောက်များ သတင်းယူရန် ၀င်ရာတွင် မိမိတို့၏ ၀န်ထမ်းကဒ် မှတ်ပုံတင် သို့မဟုတ် အသိအမှတ်ပြုကတ် တစ်ခုခုအားပေး၍ ၀င်ခွင့်ကတ်နှင့်လဲလှယ် ၀င်ရောက်သတင်းယူရသော်လည်း လက်ဗွေစနစ် စတင်ချိန်တွင် မိမိတို့ထံမှ ကတ်များပေးရန် မလိုတော့ကြောင်း သိရသည်။
လက်ဗွေစတင်နှိပ်ရမည့် တနင်္လာနေ့တွင် သတင်းထောက်များသည် မိမိတို့၏ လက်ဗွေအား သုံးခါနှိပ်၍ လက်ဗွေအမှတ်အသား ရယူမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လွှတ်တော်တွင်း သတင်းယူရန်အတွက် စာရင်းပေးသွင်းထားသည့် ပြည်တွင်း/ပြည်ပ သတင်းစာများနှင့် တီဗီအစီအစဉ်များမှ သတင်းထောက်များမှာ အယောက် ၈၀ ကျော်ရှိပြီး ပုံမှန်နေ့များတွင် တက်ရောက်သတင်းယူသူမှာ ဆယ်ဦးခန့်ရှိ၍ ထူးခြားသည့်နေ့များတွင် သတင်းရယူသူ များပြားသည်။

No comments:

Post a Comment