ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

မြန်မာနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးတို့ ဖနွမ်းပင်တွင် သီးခြားတွေ့ဆုံ



From : The Voice
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် အတွင်း ဇူလိုင်လ (၁၀) ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး YAN JIECHI နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံက သတင်းထုတ်ပြန်သည်။
မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ရင်းနှီးချစ်ကြည်မှု တိုးတက်ခိုင်မာ နေပြီး အပြန်အလှန် ဆက်ဆံရေးမှာလည်း အထူး ကောင်းမွန်ကြောင်း၊ တရုတ် - မြန်မာအကြား ခိုင်မြဲသော ဆက်ဆံရေးကို အရှိန်အဟုန် မြှင့်ရန် အဆင့်မြင့် အရာရှိကြီးများအဆင့် ဆက်သွယ်မှုများကို တရုတ်နိုင်ငံက ထိန်းသိမ်း ထားလိုကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်မှုများကို ပိုမိုတိုးချဲ့ ဆောင်ရွက်လိုပြီး တရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများကိုလည်း နှစ်ဖက် အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများ လုပ်သွားရန် တိုက်တွန်း အားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက တရုတ် နိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်ကို ထောက်ခံ ကြိုဆိုလိုက်ပြီး နှစ်နိုင်ငံ အကျိုးစီးပွား အတွက် မြန်မာနိုင်ငံ ဘက်ကလည်း တရုတ်နိုင်ငံနှင့် ပိုမို ရင်းရင်းနှီးနှီး ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
ယခု ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် ဒေသအတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် တိုးတက်မှုများကို အလေးထား ဆွေးနွေးကြရန် တရုတ် - မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများက သဘောတူခဲ့ပြီး၊ ဒေသတွင်း တိုးတက်ရန် အတွက် အခြား နိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံက ထုတ်ပြန်သည်။
၂၀၁၁ ခုနှစ်အတွင်းက မြန်မာ အစိုးရသည် ဧရာဝတီမြစ် အထက်ပိုင်းရှိ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် မြစ်ဆုံ ဆည်တည်ဆောက်ရေး စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။

No comments:

Post a Comment