ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

ခုံသမာဓိအဖွဲ့ကို အိုင်အယ်လ်အိုမှ ကူညီဆောင်ရွက်ပေးမည်


အလုပ်ရှင်၊ အလုပ်သမား ဝါဏိဇ္ဇပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့် ခုံသမာဓိအဖွဲ့ရဲ့ အရည်အသွေးတွေနဲ့ အပြုသဘောဆောင်တဲ့ ကိစ္စရပ်မျိုးဖြစ်နိုင်ဖို့ အိုင်အယ်လ်အိုမှ ကူညီဆောင်ရွက်ပေးမယ်လို့ အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေး အရာရှိရုံးမှ နည်းပညာဆိုင်ရာ အကြံပေးအရာရှိ ရော့စ်ဝီလ်စန်က ပြောပါတယ်။
သည်နေ့ လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမတွင် ခုံသမာဓိအဖွဲ့မှာ ပါဝင်မယ့် အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ပါတယ်။ သည်ခုံသမာဓိအဖွဲ့မှာ အလုပ်ရှင်ကိုယ်စားလှယ်မှ ရွေးချယ်ခံရသူ ငါးဦး၊ သက်ဆိုင်ရာအဖွဲ့မှ ငါးဦးနဲ့ အလုပ်သမားကိုယ်စားလှယ် ငါးဦး ရွေးချယ်တာ ဖြစ်ပါတယ်။ သည်ကိုယ်စားလှယ်တွေက ခုံသမာဓိအဖွဲ့အဖြစ် ရွေးချယ်ခံရတာပါ။ အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်တဲ့အခါမှာ ဌာနဆိုင်ရာ တစ်ခုချင်းစီမှ ကိုယ်စားလှယ်တစ်ဦးချင်းစီ လေးဦးနဲ့ စက်ရုံ ၁၆ ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးကို မဲနှိုက် ရွေးချယ်ကြတာ တွေ့ရတယ်။ ခုံသမာဓိအဖွဲ့ဝင်တွေဟာ အလုပ်သမားတွေရဲ့ ကိုယ်စား မှန်ကန်တဲ့ ဆုံးဖြတ်မှုကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဥပဒေအရ တရားမျှတမှုရှိအောင် ဆုံးဖြတ်ပေးရမယ့် အဖွဲ့ဝင်တွေဖြစ်ဖို့ လိုပါတယ်။ အနှောင်အဖွဲ့ကင်းစွာ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ဖို့ လိုတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ အပြုသဘောဆောင်တဲ့ ကိစ္စရပ်မျိုး ပြောဆိုဆက်ဆံမှုကို ဖြေရှင်းနိုင်တဲ့ အရည်အသွေးနှင့် မျှတတဲ့ လစာငွေရရှိရေး၊ အလုပ်သမားတွေရဲ့ ကျန်းမာရေးကအစ မျှမျှတတရှိဖို့ ဒါတွေကို ဆွေးနွေးနိုင်တဲ့ အပြုအမူမျိုးတွေပါ တိုးတက်လာအောင် အိုင်အယ်လ်အိုမှ သင်တန်းပို့ချပေးမယ်လို့ သိရပါတယ်။ ခုံသမာဓိအဖွဲ့မှာ အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်က အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေတာကြောင့် ပြည်ပနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ်တွေက နည်းပညာနဲ့ အတွေ့အကြုံတွေကိုလည်း ပို့ချပေးမှာ ဖြစ်တယ်လို့ သိရတယ်။ ၈၈ ကျောင်းသားများအဖွဲ့မှ ကိုအောင်သူက “ခုံသမာဓိအဖွဲ့မှာ ကျွန်တော်တို့တွေ ပါဝင်ဆောင်ရွက်မှာ မဟုတ်ဘူး။ ဝင်ကူညီတဲ့ အိုင်အယ်လ်အိုကို ပူးပေါင်းဆောင်ရွက်တာ၊ အကြံဥာဏ်ပေးတာတွေ ဆောင်ရွက်ပါတယ်” လို့ ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment