ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

မူးယစ်ဆေးဝါးသယ်ဆောင်ရာ လှိုဏ်ခေါင်း မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်၌ တွေ့ရှိ


မက္ကဆီကိုနိုင်ငံ ဆိုနိုရာပြည်နယ်နှင့် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်အကြား နယ်စပ်၌ အရှည် မီတာ ၂၃၀ ရှိ မူးယစ်ဆေးဝါး သယ်ဆောင်ရာ ဥမင်လှိုဏ်ခေါင်းတစ်ခုကို မက္ကဆီကို တပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း ဇူလိုင် ၁၁ ရက်က သိရသည်။
အဆိုပါ မှောင်ခိုဥမင်လှိုဏ်ခေါင်းသည် အမြင့် ၁ ဒသမ ၃ မီတာရှိပြီး မြေအောက်အနက် ၁၈ မီတာ ဆင်းပြီးမှ ရောက်ရှိကြောင်း၊ မက္ကဆီကို မြောက်ပိုင်း ဆိုနိုရာပြည်နယ် ဆန်လူးဝစ်ရီယိုကော်လိုရာဒို အရပ်မှ အမေရိကန် အရီဇိုးနားပြည်နယ်သို့ သွယ်တန်းဖောက်လုပ်ထားခြင်းဖြစ်ကြောင်း မက္ကဆီကို စစ်တပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းဥမင်လှိုဏ်ခေါင်းသည် လျှပ်စစ်မီးနှင့် လေ၀င်လေထွက် စနစ်များရှိကြောင်း၊ မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် လှည်းငယ်များ ၀င်နိုင်ထွက်နိုင်ကြောင်း သိရသည်။ အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တစ်လျှောက် လုံခြုံရေး တင်းကျပ်ထားသော်လည်း မက္ကဆီကို မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်သူများက အမေရိကန်နိုင်ငံအတွင်းသို့ လှိုဏ်ခေါင်းများသုံးပြီး မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းလျက်ရှိသည်။ မကြာမီနှစ်များက အဆိုပါ နယ်စပ်တစ်လျှောက် လှိုဏ်ခေါင်း ၈၀ ခန့် တွေ့ရှိခဲ့ပြီဖြစ်သည်။ (အင်တာနက်)

No comments:

Post a Comment