ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

တရုတ် ခရီးသည်တင် လေယာဉ်တစ်စင်း ငှက်တစ်ကောင်နှင့် တိုက်မိ


ချိုင်းနားအစ်စတင်း လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် တရုတ် (တိုင်ပေ) ရှိ တောင်ယန် နိုင်ငံတကာ လေဆိပ်မှ ရှန်ဟိုင်းမြို့သို့ ပျံသန်းလာစဉ် ဝေဟင်၌ ငှက်တစ်ကောင်နှင့် တိုက်မိခဲ့သဖြင့် တောင်ယန်နိုင်ငံတကာ လေဆိပ်သို့
အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားသည်။ အဆိုပါ လေကြောင်းလိုင်းမှ လေယာဉ် ခရီးစဉ် အမှတ် အိစ်အမ်ယူ-၅၀၀၈ ခရီးသည်တင် လေယာဉ်သည် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၂၉၉ ဦးကို တင်ဆောင်ကာ တောင်ယန်နိုင်ငံတကာလေဆိပ်မှ ရှန်ဟိုင်းမြို့ ပူတောင် နိုင်ငံတကာ လေဆိပ်သို့ ပျံသန်းလာစဉ် ငှက်နှင့် တိုက်မိခဲ့သဖြင့် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၈ မိနစ်၌ တောင်ယန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ငှက်နှင့်တိုက်မိပြီးနောက် လေယာဉ်၏ ၀ဲဘက်အင်ဂျင်တစ်လုံးမှာ ပုံမှန်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိတော့သဖြင့် လေယာဉ်မှူးက တောင်ယန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)

No comments:

Post a Comment