ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

အက္ခရာ AA နှင့်စသည့် City Taxi များစတင် ပြေးဆွဲ သွားမည်


From : MRTV-4ပါရမီ သယ်ယူ ပို့ဆောင်ရေးမှ တင်သွင်း ထားတဲ့ အက္ခရာ AA နဲ့စပြီး ဂဏန်း နံပါတ် ၁၀၀၁ က စတဲ့ နံပါတ်သစ်၊ အက္ခရာသစ် စီးတီး တက္ကဆီတွေကို ဇူလိုင်လ
၁၆ ရက်နေ့မှ စတင်ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးမှ
အရင်က ပါရမီ တက္ကစီ အနီ ၄၂၂ စီးနဲ့ ပြေးဆွဲနေပြီး အခုအခါ AA ၁၀၀၁ မှ ၁၀၃၃ ထိ အစီး ၃၀ နဲ့ ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ AA Taxi ကို အစီး ၁၀၀ စတင် ပြေးဆွဲဖို့လျာထား ပေမယ့် လက်ရှိမှာ အစီး ၃၀ ပဲ ရောက်ရှိသေးပြီး ကျန်အစီး ၇၀ ကတော့ လာမယ့် သြဂုတ်လ လောက်မှာ ရောက်ရှိမှာ ဖြစ်တယ်လို့ ပါရမီ သယ်ယူ ပို့ဆောင်ရေးမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် အဆိုပါ AA တက္ကစီ တွေဟာ CNG မရရှိသေးတဲ့ အတွက် လောလောဆယ်မှာ ဒီဇယ်နဲ့သာ ပြေးဆွဲမှာဖြစ်ပြီး နောက်ပိုင်း မှာတော့ CNG ပြောင်းဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ AA Taxi တွေဟာ ၂၀၁၁ မော်ဒယ် အမျိုးအစား ၁၆၀၀ စီစီနဲ့ မော်ဒယ်မြင့် ကားတွေ ဖြစ်ပါတယ်။ အဆိုပါ AA Taxi တွေ ပြေးဆွဲတဲ့ အခါ အရင် ပါရမီ တက္ကစီတွေ ယာဉ်စီးခ ဈေးနှုန်း ကွာခြားမှု ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

No comments:

Post a Comment