ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

မြန်မာစာပေ ချစ်မြတ်နိုးသူများအတွက် မြန်မာစာပေနှင့် ပတ်သက်သည့် အဖွဲ့အစည်း တည်ထောင်မည်


မြန်မာစာပေ ချစ်မြတ်နိုးသူများအတွက် မြန်မာစာပေနှင့် ပတ်သက်သည့် အဖွဲ့အစည်း တည်ထောင်မည်
မြန်မာစာပေ ချစ်မြတ်နိုးသူများအတွက် မြန်မာစာပေနှင့် ပတ်သက်သော လွတ်လပ်သည့် အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း မြန်မာစာပေ ချစ်မြတ်နိုးသူများ

အဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။ မြန်မာစာပေချစ်သူများ စုစည်းရေး၊ မြန်မာစာပေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာစာပေနှင့် ပတ်သက်သော လွတ်လပ်သည့် အဖွဲ့အစည်း တစ်ရပ်ကို တည်ထောင်ဖွဲ့စည်းသွားမည် ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်း ဖွဲ့စည်းတည်ထောင်နိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားမည်ဖြစ်ရာ မြန်မာစာပေ ချစ်မြတ်နိုးသူတိုင်း ကြွရောက်ချီးမြှင့်နိုင်ကြောင်း ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။ အဆိုပါ အခမ်းအနားကို ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း (အလယ်) အမှတ် (၁၁၈) ရှိ ဂုဏ်ထူးဦးသိန်းနိုင် မြန်မာစာခန်းမ၌ ကျင်းပသွားမည်ဖြစ်ရာ စာရေးဆရာကြီးများ၊ ဆရာမကြီးများအပြင် မြန်မာစာပေ ချစ်မြတ်နိုးသူတိုင်း တက်ရောက်နိုင်ကြောင်း သိရသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဂုဏ်ထူးဦးသိန်းနိုင်-၀၉-၅၀၁၂၆၁၁၊ ဦးအောင်စိုးဦး-၀၉-၇၃၂၂၄၁၄၃၊ ဦးမျိုးသန့်-၀၉-၅၀၁၀၇၅၄၊ ဦးအေးချို(ဝိဇ္ဇာ)-၀၉-၇၃၁၁၄၃၆၇၊ ဦးသူရဇော်-၀၉-၄၅၀၀၀၈၅၉၀ ၊ ဦးရွှေသိမ်းမင်း-၀၉-၅၁၈၁၇၁၅နှင့် ဦးမြင့်ထွန်း (Quality)-၀၉-၅၁၆၇၂၈၇ တို့သို့ ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment