စစ်ရေးအရ
မဟာဗျူဟာကျသော ဆစ်ဒနီ ရေတပ်အခြေစိုက်စခန်းကို ခရီးသည်တင် ဇိမ်ခံသင်္ဘောများ
ဆိုက်ကပ်နိုင်ရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း သြစတြေးလျဝန်ကြီးချုပ်
ဂျူလီယာ ဂီးလက်ဒ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ သြစတြေးလျနိုင်ငံ
ဆစ်ဒနီမြို့သို့ ၀င်ရောက်ဆိုက်ကပ်လိုသော ခရီးသည်တင် သင်္ဘောအရေအတွက်
ပိုမိုများပြားလာသည်နှင့်အမျှ ယင်းသင်္ဘောများ ၀င်ရောက်ဆိုက်ကပ်နိုင်မည့် နေရာရှားပါးမှုပြဿနာကို သြစတြေးလျ အာဏာပိုင်များ ကြုံတွေ့နေရသည်။ ဂါးဒင်းအိုက်လန်း ရေတပ်အခြေစိုက်စခန်းကို ဆစ်ဒနီမြို့သို့ ၀င်ရောက်မည့် ခရီးသည်တင် သင်္ဘောများအတွက် အသုံးပြုမည်ဆိုပါက ဒေသန္တရစီးပွားရေး ယန္တရားအတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ စီးဝင်လာမည်ဖြစ်ပြီး ခရီးသွားကဏ္ဍ၌ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။ (အင်တာနက်)
No comments:
Post a Comment