ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

အမြန်ချောစာများအား ယနေ့ပို့ မနက်ဖြန်ရောက်စနစ်ဖြင့် ၀န်ဆောင်မှုပေးလျက်ရှိ


ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ပြည်တွင်းအမြန်ချောပို့ လုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီ သုံးခုသို့ လုပ်ကိုင်ခွင့်ပေးသည်။ ပုဂ္ဂလိက ကုမ္ပဏီသုံးခုမှာ United Courier Services(UCS)၊ ကစ္စပနဒီ၊ Matrix Logistic ကုမ္ပဏီတို့ဖြစ်ပြိး ပထမအဆင့်အနေဖြင့် နေပြည်တော်၊
ရန်ကုန်၊ မန္တလေး၊ ပြည်၊ မကွေး၊ မြိတ်၊ ဘားအံမြို့များသို့ ပို့ဆောင်မှုပေးသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အမြန်ချောပို့ စာတစ်စောင် ကျပ် ၂၅၀၀ သတ်မှတ်ထားပြီး လာရောက်ပေးပို့ရန် အခက်အခဲရှိသူများအတွက် သွားရောက်ယူခြင်း၊ သွားရောက်ပို့ခြင်း ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ပေးသည်။ အမြန်ချောစာများအား ယနေ့ပို့ မနက်ဖြန်ရောက် စနစ်ဖြင့် ဝန်ဆောင်ပေးပြီး ပျောက်ဆုံးပျက်စီးပါက ကျပ်ငါးသောင်း (သို့) ပစ္စည်းတန်ဖိုး ပေးလျော်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment