ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး နည်းပညာကောလိပ် ဖွင့်ရန်စီစဉ်


မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး နည်းပညာကောလိပ်တစ်ခုကို ဂျပန်နိုင်ငံမှ လာရောက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဂျပန်နိုင်ငံက အဆင့် ၁၊ ၂ တို့နဲ့ အလားတူတဲ့ မြန်မာစက်ပြင်ဆရာတွေ ပေါ်ထွန်းလာဖို့အတွက် ဒီကောလိပ်ကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်” ဟု
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကုန်းလမ်းပို့ဆောင်ရေးနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်လိုက်သည့် Oriental Transporation Co.,Ltd မှ မြန်မာနိုင်ငံတွင် ပြေးဆွဲမည့် ဂျပန်ယာဉ်များကို မကြာမီတင်သွင်းတော့မည်ဖြစ်ရာ အဆိုပါ ယာဉ်များနှင့် ပတ်သက်သည့် ပြင်ဆင်ရေးအပိုင်း ပညာရပ်များနှင့် အခြားသော မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များကို သိရှိနိုင်ရန်အတွက် ယင်းကောလိပ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်ဝင်းအောင်က ပြောသည်။ “ဒါက ဂျပန်ကုမ္ပဏီဘက်က တောင်းဆိုတာပေါ့။ ဂျပန်ကားတွေ တင်သွင်းပြီး နောက်ပိုင်းမှ ဖြစ်လာမှာပါ။ ဒီကောလိပ်ကနေ ဒီပလိုမာအဆင့် ဘွဲ့ပေးနိုင်တဲ့အထိ လုပ်ပေးနိုင်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ယင်းကဆက်လက် ပြောသည်။ အဆိုပါ ဖွင့်လှစ်မည့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာကောလိပ်ကို အနောက်ပိုင်းခရိုင် (ဘုရင့်နောင်ဈေး) အနီးတဝိုက်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment