ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

နေပြည်တော်တွင် စက်မှုဇုန်ထောင်မည်


နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ နေပြည်တော်နှင့် တပ်ကုန်းကြားတွင် စက်မှုဇုန်တစ်ခု တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။ ထိုစက်မှုဇုန်ကို ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်ပြီး စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ စီစဉ်ကာ နေပြည်တော်ကောင်စီက
အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီစက်မှုဇုန်ကို အကောင်အထည် ဖော်ရတာကတော့ ပြည်တွင်းက အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ မြေဧက ငါးရာနဲ့ စတင်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ လာရောက် လုပ်ကိုင်မယ့် လုပ်ငန်းရှင်တွေ အနေအထားကိုကြည့်ပြီး နောက်ထပ်မြေဧက ငါးရာ ထပ်မံ တိုးချဲ့သွားဖို့ စီစဉ်ထားပါတယ်။ စက်မှုဇုန်အတွက် လိုအပ်မယ့် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ လျှပ်စစ်မီး ရရှိဖို့ကိုတော့ နေပြည်တော်ကောင်စီက ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းစက်မှုဇုန်ကို နေပြည်တော် ကောင်စီက အကုန်အကျခံကာ တည်ထောင်သွားမည်ဖြစ်ပြီး ကုန်ကျစရိတ်ပေါ် မူတည်ကာ မြေကွက်များကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “လောလောဆယ်မှာတော့ မြေကွက်ဈေးနှုန်းတွေကို သတ်မှတ်လို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုဇုန်တစ်ခုရဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်တဲ့ ကုန်ကျစရိတ်တွေပေါ် မူတည်ပြီး အနည်းဆုံး ဈေးနှုန်းဖြစ်အောင်လုပ်ဆောင်ပေးသွားမှာပါ” ဟု ယင်းက ရှင်းပြသည်။ ယင်းနေပြည်တော် စက်မှုဇုန်သစ်တွင် ပြည်တွင်း စက်မှုလုပ်ငန်းရှင်များ သာမက ပြည်ပစက်မှု လုပ်ငန်းရှင်များပါ လာရောက် လုပ်ကိုင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment