Tuesday, July 17, 2012
ဆလိုဗေးနီးယားနိုင်ငံတွင် မိုးခေါင်မှုဒဏ် ခံစားနေရ
ဆလိုဗေးနီးယားနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်များဖြစ်သော မိုးခေါင်ခြင်း၊ မိုးသီးမုန်တိုင်း တိုက်ခတ်ခြင်းများဒဏ်ကို ခံစားနေရသဖြင့် စိုက်ပျိုးမြေဟက်တာ ၁၀၀၀၀၀ နီးပါး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း ဇူလိုင် ၁၅ ရက် သတင်းတွင် ဖော်ပြသည်။ ခြောက်သွေ့သော ရာသီဥတုတွင် အပူချိန်
ဒီဂရီစင်တီဂရိတ် ၃၀ မှ ၃၇ ရက်သတ္တနှစ်ပတ်ကြာမျှ ခံစားခဲ့ရသဖြင့် ဆလိုဗေးနီးယားနိုင်ငံ ဒေသအများအပြားတွင် ပြောင်းဖူးပင်များ၊ ဟင်းသီးဟင်းရွက်ပင်များနှင့် လိမ္မော်ခြံများ ပျက်စီးဆုံးရှုံးခံခဲ့ကြရကြောင်း သိရသည်။ ဆလိုဗေးနီးယားနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင်လည်း မကြာသေးမီ ရက်များက အပူလှိုင်းကျရောက်ခြင်း၊ မိုးသီးမုန်တိုင်းများ ကျရောက်ခြင်းကြောင့် ကောက်ပဲသီးနှံများနှင့် မြေယာများ၊ ပစ္စည်းဥစ္စာများ အကြီအကျယ် ပျက်စီးခဲ့ရသည်။ (အင်တာနက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment