ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

ဟော်မုဇ်ရေလက်ကြားကို အပြည့်အ၀ ထိန်းချုပ်နိုင်ကြောင်း အီရန်ပြောကြား


မဟာဗျူဟာအရ အရေးပါသည့် ဟော်မုဇ်ရေလက်ကြားကို အပြည့်အ၀ ထိန်းချုပ်နိုင်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ ရေတပ်အဆင့်မြင့် အရာရှိကြီးတစ်ဦးက ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အီရန်နိုင်ငံ အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို အပြည့်အ၀ ထိန်းချုပ်နိုင်ကြောင်းနှင့် အမေရိကန်နှင့် အစ္စရေးအနေဖြင့် ရန်လိုသည့်
လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ပါက ၄င်းတို့အနေဖြင့် နောင်တကြီးစွာ ရလိမ့်မည်ဖြစ်ကြောင်း အဆိုပါ အရာရှိကြီးက ပြောကြားခဲ့သည်။ သို့ရာတွင် အီရန်နိုင်ငံ၏ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို မထိခိုက်သေးသ၍ ဟော်မုဇ်ရေလက်ကြားကို ပိတ်နိုင်သော်လည်း မိမိတို့အနေဖြင့် တစ်စုံတစ်ခုမျှ ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာပါက ရင်ဆိုင်ရန်အတွက် နိုင်ငံ၏ ဒုံးကျည်စွမ်းအားကို အဆင့်မြှင့်ထားပြီးဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။ (အင်တာနက်)

No comments:

Post a Comment