ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

Visa နှင့် Master ကတ်များ ဆီးဂိမ်းအမီ အသုံးပြုနိုင်ရန် ပြည်တွင်းဘဏ်များ ညှိနှိုင်းဆောင်ရွက်နေ


နိုင်ငံတကာ ခရီးသွားဧည့်သည်များ Visa, Master ကတ်ကို ပြည်တွင်း၌ အသုံးပြုနိုင်ရေးကို ၂၀၁၃ ခုနှစ် ဆီးဂိမ်းအမီအကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်တွင်းဘဏ်များမှ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းမှ သိရသည်။ လက်ရှိတွင် ပြည်တွင်းဘဏ်များ အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်၍ ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သည့် သမဝါယမဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောသည်။ “မြန်မာနိုင်ငံမှ လုပ်မယ့် ဆီးဂိမ်းမတိုင်မီမှာ နိုင်ငံတကာက ကတ်တွေကို ပြည်တွင်းမှာ သုံးနိုင်ဖို့အတွက် ပြည်တွင်းဘဏ်တွေက ညှိနှိုင်းမှုတွေ လုပ်နေပါပြီ။ အဓိကကတော့ Visa, Master ကတ်တွေ ပြည်တွင်းမှာ သုံးစွဲနိုင်အောင် စီစဉ်နေပါတယ်” ဟု ဦးဖေမြင့်က ပြောသည်။ လက်ရှိတွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များအနေဖြင့် ပြည်တွင်း၌ အသုံးပြုနိုင်မည့် Debit ကတ်အမျိုးအစား ဖြစ်သည့် မြန်မာပေးမန့်ယူနီယမ်ကတ်များကို စမ်းသပ်သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ “မြန်မာပေးမန့် ယူနီယမ်ကတ်ကတော့ ပြည်တွင်းမှာ Network တစ်ခုအနေနဲ့ ရှိမယ်။ အဲဒါကို Visa, Master တို့နဲ့ ချိတ်ဆက် အသုံးပြုနိုင်အောင် ဆွေးနွေးညှိနှိုင်းနေပါတယ်” ဟု ယင်းကဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment