Tuesday, July 17, 2012
လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် တူရကီရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိ
တူရကီနိုင်ငံ အရှေ့ပိုင်းတွင် ဇူလိုင် ၁၄ ရက်က လမ်းဘေးဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာတစ်ခု ကဖော်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီ ၄၅
မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ၄င်းရဲတပ်ဖွဲ့ဝင်များသည် ဗန်းဒေသမှ ၁၃ ကီလုမီတာအကွာရှိ စက်ပစ်ကွင်းသို့အသွား ယာဉ်ပေါ်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ အခင်းဖြစ်ပွားရာသို့ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် ကာဒစ်ရှ် အလုပ်သမားပါတီ၏ လုပ်ဆောင်ချက် ဖြစ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ၄င်းအဖွဲ့အား အမေရိကန်၊ ဥရောပသမဂ္ဂနှင့် တူရကီနိုင်ငံတို့မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (အင်တာနက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment