ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

လစဉ် အောင်ဘာလေထီ ပေါက်မပေါက် Call Center သို့ ဖုန်းဆက် မေးမြန်းနိုင်


အောင်ဘာလေ ထီပေါက်စဉ် တိုက်ပေးခြင်းကို Call Center မှ လစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ www.myanmarelottery.com ဝက်ဘ်ဆိုက် လိပ်စာမှတစ်ဆင့် အောင်ဘာလေထီ တိုက်ပေးခြင်းကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ “ အွန်လိုင်းကနေ
ထီတိုက်ပေးတာ ဖြစ်ပါတယ်။ အက္ခရာနဲ့ ထီနံပါတ်ကို ဖုန်းဆက်ပြောရုံနဲ့ Call Center ကနေပြီး ထီနံပါတ်ကို ရှာဖွေပေးမှာ ဖြစ်ပါတယ်” ဟု Call Center မှ ပြောကြားသည်။ www.myanmarelottery.com ဝက်ဘ်ဆိုက်တွင် ထီဆုကြီးများ (ကျပ်သိန်း ၁၅၀၀ မှ မင်္ဂလာစုံတွဲ ကျပ်သိန်း ၁၀၀ အထိ) ကို လစဉ် ၁ ရက်နေ့နံနက် ၁၀ နာရီခွဲတွင် စတင်တိုက်နိုင်မည်ဖြစ်ပြီး ကျန်ဆုများအား ၁ ရက်နေ့ညနေပိုင်းနှင့် ၂ ရက်နေ့ အစောပိုင်းများတွင် တိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ်ကာ အထွေထွေ စုံစမ်းမေးမြန်းမှု ကဏ္ဍ၌ အဆိုပါ လစဉ် အောင်ဘာလေ ထီပေါက်စဉ် တိုက်ပေးခြင်း ဝန်ဆောင်မှုကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် အဆိုပါကဏ္ဍ၌ ရွှေဈေး၊ ငွေဈေး၊ ပဲဈေး၊ ရေနံဈေးများ၏ နေ့စဉ် ဈေးနှုန်းများနှင့် အခြားကုန်ဈေးနှုန်း သတင်းများကိုလည်း မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ခေါ်ဆိုမေးမြန်းခ ပေးချေစရာမလိုဘဲ ဖုန်းခေါ်ဆိုစဉ် ကျသင့်သည့် ဘီလ်သာ ကုန်ကျမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment